သတင်းများ

မင်းလှမြို့တွင် ကျောင်းသား/ သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းပြုလုပ်
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ဘေးအန္တရာယ်အသိပညာပေးရန် ရည်ရွယ်၍ အ.ထ.က စိန်ကန့်လန့်ကျောင်း၌  ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေး‌ဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ (၁၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အောင်ပွဲ အခမ်းအနားကျင်းပ
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၁၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အောင်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်၌ ကျွဲ/နွားများအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Nov 02,2022
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ထိန်းချူပ်ရေးစီမံချက်အဖြစ် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျွဲ၊နွားများအား ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့်  ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရသေ့တောင်မြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Nov 02,2022
ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့၌မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ် ကွက်များအတွင်းရှိ ကလေးငယ်များအားမွေးစမှ အသက်တစ်နှစ်အောက်ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန် စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ
Nov 02,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ် တပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌  ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်လှစ်
Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ အမှတ်(၁၈)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ  ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်းကို  ယနေ့နံနက် ၁၀ နာရီက ထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင်းလှစ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ကျောင်းသားလူငယ်များအား အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ အခြေခံကျောင်းများတွင် အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မယင်း-လက်ပံခုံ) ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။