သတင်းများ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မြစ်ကြီးနားမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ၊ ပြန်ကြားရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး
Apr 04,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံအား ကြည့်ရှုစစ်ဆေးသည်။
ကသာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းလက်မှုပညာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား
Apr 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် အမျိုးသမီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပန်းလက်မှုပညာများကို သိရှိနားလည်ပြီး စိတ်ဝင်စားစွာ လုပ်ဆောင်တတ်စေရန်ရည်ရွယ်၍ အမျိုးသမီးလူငယ်များအား ပန်းလက်မှု ပညာသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အခမဲ့ စတင်ဖွင့်လှစ်သင်ကြားသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ  ဇီးပင်ကြီးတဲတိုက်နှင့်နဖူးပြားတဲတိုက်သို့ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း
Apr 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ ယနေ့ နံနက် ၉နာရီအချိန်ကသောက်သုံး ရေဂါလံ၃၂၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်းအေးမေတ္တာသောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံမှသိရသည်။
ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များအား ထိုးနှံတိုက်ကျွေး
Apr 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ (၄) ရက်မြောက် ထိုးနှံတိုက်ကျွေးခြင်းများကို ကလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာ ဆက်လက်ဖြေဆို
Apr 04,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲစတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
သီပေါမြို့နယ်တွင် မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းပူးပေါင်းကာကွယ်အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်
Apr 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းပူးပေါင်း ကာကွယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သင်္ကြန်ပိတ်ရက်ကာလအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြေှာ်ချိန်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်
Apr 04,2022
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လေးဆူဓါတ်ပုံ​ရွှေတိဂုံ​စေတီ​တော်မြတ်ကြီးအား အများပြည်သူများ စိတ်​အေး​ချမ်းသာ စွာ ကြည်ညိုဖူး​မြော်နိုင်​စေရန်အတွက် ဘုရားဖူးချိန်အား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်​ကြောင်း သိရှိရ သည်။
မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာသီးနှံစိုက်ပျိုးရန် စီမံကိန်း တာဝန်ပေးအပ်ပွဲပြုလုပ်
Apr 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုး နိုင်ရေး စီမံကိန်း တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။