(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ပန်းခြံဖွင့်လှစ်
Oct 31,2022
နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုက္ခဗေဒပညာရှင်များ၊ ပန်းဝါသနာရှင်များ၊ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေရေး ရည်ရွယ်ဆောင်ရွက်ထားသော လှာကမြင်ပန်းခြံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါပန်းခြံတည်နေရာ၌ ကျင်းပသည်။