ကျောက်တံခါးမြို့၌ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ
Apr 04,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစား နည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေး တိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကို ယမန်နေ့က ကျောက်တံခါးမြို့ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။