ကျောက်တံခါး ဧပြီ ၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစား နည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေး တိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကို ယမန်နေ့က ကျောက်တံခါးမြို့ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် သင်တန်းသား သင်တန်းသူများက မြန်မာ့သိုင်း၊ Fitness Dance ၊ အလေးမ အားကစားနည်းများဖြင့် အားကစားသရုပ်ပြကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းနှင့် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါ နွေရာသီအခြေခံအားကစား သင်တန်းကို မတ်လ ၅ ရက်မှ ဧပြီ ၂ ရက်နေ့အထိ မြန်မာ့သိုင်းအားကစား၊ Fitness Dance၊ အလေးမ အားကစား အခြေခံနည်းစနစ်များကို သင်ကြားပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စန်းစန်း