နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြော

နတ်မောက် ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီချိန်ခန့်က ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် လူငယ်နဲ့ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ ကျန်းမာရေး စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ အင်္ဂလိပ်စာ အခြေခံပညာသင်တန်း တက်ရောက်နေသော ကျောင်သား/ သူများ၊ Computer သင်တန်းတက်ရောက်သော ကျောင်းသား/သူများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်