သတင်းများ

အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ပေး
Apr 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန် ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဆွဲလဲချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျေးရွာတောင်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နာဂဒေသပန်ဆောင်မြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
Apr 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာမှ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေများကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်ခဲ့သည်။
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ "တိုးတတ်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့် လူငယ်အသင်း စာဖတ်ဝိုင်းကျင်းပ
Apr 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ၂ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ လူငယ်အသင်း(Youth Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စာရေးဆရာကြီး ချစ်ဦးညို၏ "တိုးတတ်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ် လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲ ကျင်းပ
Apr 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်း ကလူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်မြို့တွင် လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ပြုပြင်ခြင်းအတွက် အလှူရှင်မိသားစုတစ်စုမှ လှူဒါန်း
Apr 22,2022
သထုံခရိုင်၊ ပေါင်မြို့၊ ပေါင်းရပ်ကွက်ရှိ လူမူဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွင် လိုအပ်သော ပြုပြင်ခြင်းလုပ်ငန်းများအတွက် ကုန်ကျစရိတ် အားလုံးကို ဒေသခံအလှူရှင်မိသားစုတစ်ခုမှ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့၌ အသံမစဲပဋ္ဌာန်းသိမ်းပွဲ ကျင်းပ
Apr 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ယမန်နေ့နံနက်(၁၀)နာရီက ရွှေဘုန်းပွင့် ဘုရားစေတီတော် ဓမ္မာရုံ၌ အသံမစဲပဋ္ဌာန်းသိမ်းပွဲကျင်းပကြောင်း သိရသည်။
အိမ်မဲမြို့နယ် ဂုံညင်းတန်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ရိတ်သိမ်းခြွေလှေ့ပွဲ ကျင်းပ
Apr 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ စိုက်ပျိုးရေးခြံတွင် ဧက ၃၀ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ရိတ်သိမ်းခြွေလှေ့ပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Apr 22,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မြစ်ကြီးနားမြို့ မနောမြေအားကစားခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့သည်။