မြန်အောင်မြို့နယ်တွင် မိုးစပါးဆင်းသုခစံပြကွက်ရိတ်သိမ်းပွဲကျင်းပ
Oct 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီက ၂၀၂၂ ခုနှစ် မိုးစပါး (တစ်ဧကတင်း ၁၀၀ နှင့် အထက်ထွက်ရှိရေး) ဆင်းသုခစံပြကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်က တာခွတဲကြီးကုန်း ကျေးရွာအုပ်စု၊ ဧက(၂၀၀)စံပြကွက်ရှိ တောင်သူ ဦးသန်းထွဋ်၏ ကွင်းအမှတ်(၂၅၀)၊ ဦးပိုင်အမှတ် (၂၀၃)ရှိ လယ်မြေ(၂)ဧကတွင် ကျင်းပ ပြုလုပ်ခဲ့ရာ တစ်ဧကလျှင်ဆင်းသုခစပါး အစိုတင်း (၁၂၁.၁၀)နှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။