သီပေါ ဧပြီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာ နန္ဒဝင်း(ဆေး-၁)၏ “ လူတွေနားနေပါ ပညာတွေအလုပ်လုပ်ကြပါစေ ” စာအုပ်နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်နီလာစိုးက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေအသိအမြင်များ အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်စေရန်၊ စာပေကိုချစ်မြတ်နိုး၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို ကြိုက်နှစ်သက်ရာခေါင်းစဉ် တစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား တစ်လလျှင်(၁)ကြိမ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး