သတင်းများ

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများနှင့် ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Oct 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက စာကြည့်တိုက် သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ် စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယနေ့ နံနက်က ခရိုင်စိုက်ပျိုးရေးရုံး၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းနှင့် အ.မ.က (ကုန်းသာ)သို့ သုတ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
မူဆယ်မြို့ လွယ်တိန်းခမ်းတောင်ပေါ်သို့ မိုင်းဖုန်းဆရာတော် သာသနာပြုခရီးကြွရောက်၍ တရားဟောကြား
Oct 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ပေါ်ဘုရားကုန်းတော် သုဝဏ္ဏမိဂဒါစေတီသို့ မိုင်းဖုန်းဆရာတော် သည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က သာသနာပြုခရီးအဖြစ် ကြွရောက်လာခဲ့သည်။
စစ်တွေမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Oct 31,2022
စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။
ပုသိမ်ကြီးမြို့နယ်တွင် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Oct 31,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်များမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က ပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက် ၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး  Centre တွင် ယနေ့နံနက်(၉)နာရီက  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ(၃၀)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ(၂၀)ဦးနှင့် Booster Dose ထိုးနှံသူ (၁၆၀)ဦး စုစုပေါင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ(၂၁၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Oct 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတပိုမိုတိုးပွားစေပြီး ပညာရဲရင့်ပွဲလယ်တင့်ကြစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကျောင်းများတွင်ဆက်လက်ထိုးနှံ
Oct 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းနှင့် နဝဒေးလမ်းထောင့်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှ ၁၁:၃၀ နာရီထိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းဆောင်ရွက်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် ကွန်ပျူတာအဆင့်မြင့် သင်တန်းဖွင့်ပွဲနှင့်ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
Oct 31,2022
အောက်တိုဘာ(၃၁)ရက်နေ့ နံနက်(၀၈း၃၀) နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ဥယျာဉ်လမ်း၊ အမှတ် ၃ ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ အသုံးချ ကွန်ပျူတာ အဆင့်မြင့်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနား၊ ရေခဲမုန့်၊ အဖျော်ယမကာနှင့် အသေးစားအမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် အသုံးချကွန်ပျူတာ ဆရာဖြစ်သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါသည်။