သတင်းများ

ပင်လောင်းမြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားကတ် (မှတ်ပုံတင်)  ယူ​ဆောင်သွားလာခြင်းရှိမရှိ စတင်စစ်ဆေး
Apr 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ခရီးသွားပြည်သူ များအား နိုင်ငံသားကတ်(မှတ်ပုံတင်)  ယူ​ဆောင်သွားလာခြင်း ရှိမရှိ စစ်ဆေးသည့်လုပ်ငန်းကို မြို့အဝင် ပင်လောင်း-လွိုင်ကော်- ပျဉ်းမနားလမ်းခွဲ စုပေါင်းစစ်ဆေးရေးဂိတ်၌  နေ့စဉ်နံနက် ၆ နာရီမှ စတင်စစ်​​ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများထောက်ပံ့
Apr 02,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများအား သင်္ကြန်ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေ စေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများကို ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
သပိတ်ကျင်းမြို့နယ် သပိတ်ကျင်း-ဖော့တော စစ်ဆေးရေးစခန်းတွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) စစ်ဆေးခြင်းဆောင်ရွက်
Apr 02,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ သပိတ်ကျင်း-ဖော့တော လမ်းဆုံစစ်ဆေးရေးဂိတ်တွင်  လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန သပိတ်ကျင်းမြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုင်ငံသားကတ်(မှတ်ပုံတင်)စစ်​ဆေးခြင်းကို ဧပြီလ( ၁)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါးမျိုးပြုန်းတီးမှုမရှိစေရေး အသိပညာပေးနှိုးဆော်
Apr 02,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဗန်းမော်မြို့နယ်အတွင်း၌ အင်းသားကြီးများ၊ ငါးလုပ်ငန်းလုပ်ကိုင်သူများအား ငါးရစ်ငါးသန်ရာသီချိန်အတွင်း ငါးရစ် ငါးသန်များ လွတ်လပ်စွာ ဥချသားပေါက်နိုင်ရေးနှင့် ငါးမျိုးပြုန်းတီးမှုမရှိစေရေးအတွက် အသိပညာပေးနှိုးဆော် ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ ကမ်းနားဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လွိုင်ကော်မြို့ မှုံပြာကျေးရွာတွင်ပြန်လည်နေထိုင်မည့်ပြည်သူများနှင့်တွေ့ဆုံ
Apr 02,2022
လွိုင်ကော်မြို့နယ်၊ပန်ကန်းကျေးရွာအုပ်စု၊မှုံပြာကျေးရွာတွင်ပြန်လည်အခြေချနေထိုင်မည့်ပြည်သူများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် စျေးပိုင်းရပ်ကွက်ရှိ ဥတ္တရာရုံ ဘုန်းကြီးကျောင်း၌ပြု လုပ်ခဲ့သည်။
ကာမိုင်းမြို့၌ လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Apr 02,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌‌ နွေရာသီကျောင်းပိတ်ရက်ဖြစ်သောကြောင့် လူငယ်များစာ‌ပေနှင့်ဝေကွာမှု မရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်အသင်း၀င်လူငယ်များအား လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် စာစီ စာကုံး ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီခန့်က ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ်(မူကြမ်း)အား စိစစ်ရေးကော်မတီသို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့တက်ရောက်
Apr 02,2022
Southern Coastling Group Co.,Ltd မှ ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စုအတွင်း Biomass နှင့် Solar နည်းပညာ ဖြင့် (၁၀)မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်၍ အကြိုစူးစမ်းလေ့လာမှုအစီရင်ခံစာ (FSR) နှင့် စီမံကိန်းအဆိုပြုလွှာ (Project Proposal) တို့အား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ် ကြောင်းအတွင်း သဲသောင်တူးဖော်ခြင်းစီမံကိန်းနှင့်
ဗဟန်းမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်
Apr 02,2022
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာနကလူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာယနေ့ နံနက်ပိုင်းကဗဟန်းမြို့နယ်၊ ဆရာစံ​တောင်ရပ်ကွက်၊ ဦးချစ်​မောင်လမ်းမကြီး၊ ဆရာစံ​တောင်ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးရှိ၊ ခြင်းလုံးအားကစားရုံးတွင် ရပ်ကွက်နေပြည် သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။