မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် ဇီးအိုင်ကျေးရွာ လျှပ်စစ်မီးလင်းခြင်းဖွင့်ပွဲနှင့် မင်းဘူးမြို့ ဓာတ်အားခွဲစက်ရုံ မြို့ရေပေးဝေရေး သီးသန့်လိုင်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး ဧပြီ ၄

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဇီးအိုင်ကျေးရွာအုပ်စု ဇီးအိုင်ကျေးရွာ လျှပ်စစ် မီးလင်းခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျေးရွာရှိ  ထရန်စဖော်မာ ရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဇီးအိုင်ကျေးရွာ လျှပ်စစ်မီးလင်းခြင်းဖွင့်ပွဲ အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာ တိုင်းဒေသကြီးအတွင်း ကျေးလက်နေ ဒေသခံ ပြည်သူများ လူမှုဘဝ မြင့်မားတိုးတက်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် တိုင်းဒေသကြီး ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ကျေးရွာလျှပ်စစ်မီး ရရှိခဲ့ပြီဖြစ်လို့ ဒေသခံပြည်သူများ အနေ နဲ့ လူမှုစီးပွားဘဝ ပိုမိုမြှင့်မား လာမှာဖြစ်ပြီး၊ ပညာရေး၊ ကျန်းမာရေး အလုပ်အကိုင် အခွင့် အလမ်းများ တိုးတက်ရရှိမှာ ဖြစ်သလို နေထိုင် ချက်ပြုတ် စားသောက်ရာမှာလည်း ထင်းအစား လျှပ်စစ်မီးနဲ့ ချက်ပြုတ်နိုင်တော့မှာဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိခဲ့ပြီဖြစ်၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး စနစ်တကျ အသုံးပြုကြရန်နှင့် မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများကလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းမင်းဦးက လျှပ်စစ်မီးလင်းရေး လုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြော ကြားပြီး၊ ဇီးအိုင်ကျေးရွာနေ ပြည်သူများကိုယ်စား ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းထွေးက  ကျေးဇူတင်စကား ပြောကြားကာ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး ဝန်ထမ်း များက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့က  ဇီးအိုင်ကျေးရွာ(၁၁)ကေဗွီ ဓာတ်အားလိုင်း၊ (၂၀၀)ကေဗွီအေ ထရန်စဖော်မာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ကျေးရွာမီး စတင်ထုတ်လွှတ်နိုင်ရေးအတွက် လျှပ်စစ်စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ဇီးအိုင်ကျေးရွာတွင် လျှပ်စစ်ဓာတ်အားရရှိရေး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံး ငွေရင်း အသုံးစရိတ် ရန်ပုံငွေ(၅၁.၄၄၀)ကျပ်သန်းဖြင့် ၁၁ကေဗွီလိုင်း(၇၅၀)ပေ၊ ၁၁/၀.၄ ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး၊ Sectionalizer နှင့် Outfit Meter များတပ်ဆင် တည်ဆောက်ခြင်း၊ ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း(၁.၅)မိုင်တို့အား ချမ်းငြိမ်းသော် ကုမ္ပဏီက တာဝန်ယူ တည်ဆောက် တပ်ဆင်ပေးခဲ့ပြီး၊ ဇီးအိုင်ကျေးရွာရှိ အိမ်ခြေ(၃၂၀) လူဦးရေ(၇၀၀)ခန့် အား အကျိုးခံစားခွင့် ရရှိမှာဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူးမြို့ ဓာတ်အားခွဲစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲစက်ရုံ ရှင်းလင်းဆောင်တွင် မကွေးတိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာ ဦးမင်းမင်းဦးက မင်းဘူးမြို့ ရေပေးရေးအတွက် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိရေးဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေး  ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူတို့က ဧရာဝတီမြစ်ကမ်းနဘေး ခရိုင်မြို့နယ် စုပေါင်းရုံးအနီးရှိ မြစ်ရေ တင်- ၁ မှ အနည်ထိုင်ကန်သို့ပို့ပြီး အနည် ထိုင်ကန်မှ မြစ်ရေတင်-၂ ဖြင့် ရပ်ကွက်သို့ မော်တာ ဖြင့် ရေတိုင်(၅၀၀)သို့ တိုက်ရိုက်ဖြန့်ဖြူးမှု၊ ကျောက်တန်းကျေးရွာ ဆာပွတ်ချောင်းဘေးတွင် ရေတွင်းကျယ်တူး၍ ကျောက်တန်းရေစက် ထရန်စဖော်မာ-၁ နှင့် ထရန်စဖော်မာ-၂ တို့ဖြင့် လိပ်တောင်ရှိ ဂါလံ(၂)သိန်းတန် ကန်သို့တင်ပြီး Gravity စနစ်ဖြင့် ရေတိုင်(၃၄၀၀)သို့ ရေဖြန့်ဝေ မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ မှာကြားဆောင်ရွက်ပြီး၊ ဓာတ်အားခွဲစက်ရုံရှိ မြို့ရေပေးဝေရေး သီးသန့်လိုင်းအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ကာ လျှပ်စစ်ဓာတ် သီးသန့်လိုင်းအား စက်ခလုပ်နှိပ်၍ ဓာတ်အား စတင်လွှတ်ပေး ခဲ့သည်။

မင်းဘူမြို့ ရေပေးဝေရေးအဖြစ် ယခင် ပုံမှန်ဓာတ်အားရရှိချိန် ကျောက်တန်းရေစက်မှာ (၄)ရက် ခြား(၁)ကြိမ် ရေပေးဝေပြီး၊ မြစ်ရေတင် ၁-၂ တို့မှ (၃)ရက်(၁)ကြိမ် ရေပေးနိုင်ခဲ့သည်။ ယခု အလှည့်ကျ ဝန်အားလျော့ချိန်တွင် ကျောက်တန်းရေစက်မှ(၈)ရက်ခြား(၁)ကြိမ်နှင့် မြစ်ရေတင် ၁-၂ တို့မှ (၆)ရက် ခြား(၁)ကြိမ်သာ ပေးနိုင်သဖြင့် အများပြည်သူတို့တွင် ရေအခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး၊ ယခုအခါ သီးခြား ၁၁ ကေဗွီလိုင်း တည်ဆောက်ပြီးစီးပြီဖြစ်၍ ယခင်ကအတိုင်း ပုံမှန်ပေးဝေနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)