ပြည်မြို့ ၀င်္ကဘာ​တောရ ဘ/က  စာသင်တိုက်ကြီး၏ ဦးစီးပမာန နာယက ဆရာ​တော် ဘဒ္ဒန္တဩဘာသ အား "မဟာသဒ္ဒမ္မ​ဇောတိကမဇ"ဘွဲ့တံဆိပ်​တော်နှင့် သက်​တော် ၅၀(ဝါ​တော် ၃၁) နှစ်ပြည့် ​ရွှေရတု ဂုဏ်ပြုမင်္ဂလာ အခမ်းအနား ကျင်းပ

ပြည် ဧပြီ ၃

ပဲခူးတိုင်း​ဒေသကြီး (အ​နောက်ပိုင်း) ပြည်မြို့၊ ၀င်္ကဘာ​တောရ ဘ/က  စာသင်တိုက်ကြီး၏ ဦးစီးပမာန နာယက၊ တိုင်း​ဒေသကြီး သံဃာ့၀န်​ဆောင် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် မြို့နယ် ဘုန်းကြီး​ကျောင်း၊ ပညာသင်ကြားမှု ကြီးကြပ်​ရေးအဖွဲ့ ဥက္ကဌ မြို့နယ် သံဃနာယကအဖွဲ့ အကျိုး​တော်​ဆောင် ဆရာ​တော် ဘဒ္ဒန္တဩဘာသအား "မဟာသဒ္ဒမ္မ​ဇောတိကမဇ"ဘွဲ့တံဆိပ်​တော် နှင့် သက်​တော် ၅၀(ဝါ​တော် ၃၁) နှစ်ပြည့် ​ရွှေရတု ဂုဏ်ပြုပွဲ မင်္ဂလာအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ၀င်္ကဘာ​တောရကျောင်း၌ ကျင်းပခဲ့​ကြောင်းသိရသည်။

ရှေးဦးစွာ ကြွ​ရောက်လာ​သော ဆရာ​တော်များမှ  န​မောတသ ဗုဒ္ဓဝန္ဒနာ ဂါ​ထာအား ၃ ကြိမ်ရွတ်ဆို ဖွင့်​လှစ်ပေးခဲ့ပြီး ဂုဏ်ပြုခံဆရာ​တော်အား အဆိုပါ​​ကျောင်းတိုက်မှ ဆရာ​တော် ၁၀ ပါးက မုနိရတနာသိမ်တွင် သိက္ခာ​​တော်ထပ် ပြုလုပ်​ပေး၍ ဒါယိကာ/ဒါယိကာမများမှ သိမ်​တော်အထွက် ၀တ္ထု ​ငွေများ ​လောင်းလှူ ပှု​ဇော် ​ပေးခဲ့ပြီး ​နေလယ် ဆွမ်းဆပ်ကပ်ပှု​ဇော်​ခဲ့​ကြောင်း သိရသည်။

ထို့​နောက် ​မွန်းလွဲပိုင်းတွင် ဂုဏ်ပြုခံ ဆရာ​တော်၏ " မဟာသဒ္ဒမ္မ ​ဇောတိကမဇ" ဘွဲ့တံဆိပ်​တော်အား ထပ်ဆင့် ဂုဏ်ပြုပွဲကျင်းပ၍ နိုင်ငံ​ကျော် အဆို​တော်များဖြစ်​သော တက္ကသိုလ်လဲ့လဲ့၊ ​​ဟေမာ​နေ၀င်း၊ သိန်းမြင့်သန်း(စန္ဒယားပညာရှင်)၊ ​မောင်ချမ်းသာ (​စောင်းပညာရှင်)တို့ နှင့် မြန်မာမှု ဂီတအဖွဲ့မှ ဓမ္မ​တေးသီချင်းများဖြင့် ဂုဏ်ပြု​ဇော် ​ခဲ့​ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)