ကဝ ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးဆွေးနွေးပွဲကို ဧပြီ(၂)ရက်နေ့က မကျက်ကြီးကျေးရွာနှင့် သပြေကန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် (လ၀က၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ စက်မှုလယ်ယာ၊ ငါးလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန)များမှ တာဝန်ရှိသူများက ပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် မကျက်ကြီးကျေးရွာနှင့် သပြေကန်ကျေးရွာတို့မှ တက်ရောက်လာသည့် ဒေသခံ ပြည်သူများက သိရှိလိုသည်များကိပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သန်းသန်းဝင်း(ပြန်/ဆက်)