ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဝန်ထမ်းအား ထောက်ပံ့ငွေပေးအပ်

သရက် ဧပြီ ၆

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း)ဝန်ထမ်း ဦးမြင့်အောင်အား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို  ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပီတိပညာရေးပရဟိတ နာယက ဦးအောင်ကျော်စိုးက  သက်ပြည့် အငြိမ်းစားယူပြီး ဆရာကြီး၊ ဆရာမများ လစဉ် အလှူငွေများ ပေးအပ်လျက်ရှိရာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် လှူဒါန်းပေးနိုင်ရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီး ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေ ကောက်ခံဆောင်ရွက်ရသည့် အခြေအနေများနှင့် လှူဒါန်းပေးအပ်မှု စာရင်းကို ရှင်းလင်းပေးခဲ့သည်။

ထို့နောက် အငြိမ်စားဝန်ထမ်း ဦးမြင့်အောင်အား ပီတိပညာရေးပရဟိတမှ ထောက်ပံ့သည့် ငွေကျပ်(၁၅)သိန်းကို လက်ထောက်ညွှန်ကြားရေးမှူး  ဦးအောင်ကျော်ဦး၊ ခရိုင်(ပညာ)က ပေးအပ် ခဲ့သည်။

ဆက်လက်၍ သရက်မြို့နယ်အတွင်းရှိ အငြိမ်းစားသက်ကြီး ဆရာကြီး၊ ဆရာမကြီးများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဦးမြင့်အောင်မှ အလှူငွေ(၃)သောင်းလှူဒါန်းရာ ပညာရေး(ငြိမ်း)  ဒေါ်တင်တင်ယု က လက်ခံခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)