ချောက်မြို့နယ်၊ ကြီးနီ​ကျေးရွာ၌ က​လေးသူငယ်ဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော​​

ချောက် နိုဝင်ဘာ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ် ​သွေးနက်အုပ်စု ကြီးနီ​ကျေးရွာ ရွာဦးဘုန်းကြီး​ကျောင်း၌ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာန၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနတို့ ပူး​ပေါင်း၍ ယမန်နေ့နံနက်၁၀နာရီအချိန်က က​လေးသူငယ်ဆိုင်ရာ အသိပညာ​ပေး​ဟော​​ပြောပွဲ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်သိမ့်ဝါက ကလေးသူငယ်များ၏ အခွင့်အ​ရေး၊ က​လေးသူငယ်များ၏ တာဝန်၊ ကလေးအလုပ်သမား အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ​မြန်မာနိုင်ငံတွင် က​လေးအလုပ်သမားနှင့်ပတ်သက်၍ အကာအကွယ်​ပေးထားသည့် ဥပ​ဒေများနှင့်က​လေး အလုပ်သမားအ​ဖြစ်ခိုင်း​စေ​​ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအ​ဖြစ် လူကုန်ကူးမှုဖြစ်ရပ်များ ဆက် စပ်ဖြစ်ပွားနိုင်မှုများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ​​ချောက်မူလတန်းကြို​ကျောင်း ​ကျောင်းအုပ်ဆရာမကြီး ​ဒေါ်နှင်းမမဝင်းက တိုင်း​ဒေသကြီးအတွင်း ကလေးအလုပ်သမားဆိုင် ရာဆပ်ကော်မတီ (၈)ခုဖွဲ့စည်းမှု၊ ကလေးသူ ငယ်များ အလုပ် လုပ်ကိုင်နိုင်သည့် အသက်အရွယ်၊ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်း​စေခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်း​ကောင်း ရှင်း​လင်း ပြောကြားခဲ့ပြီး ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)​ဒေါ်သက်သက်​ဆွေက ကြီးနီ​ကျေးရွာအတွင်း​ ရေပိုက်လိုင်းသွယ်တန်းနိုင်​ရေး တိုင်းတာ​ဆောင်ရွက်​နေမှု့များကို ကြီးနီ​ကျေးရွာအုပ်ချုပ်​ရေးမှူး၊ ရပ်မိရပ်ဖများနှင့်ညှိနှိုင်း​ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာ​ပေး​ဟော​ပြောပွဲသို့ ယင်း​ကျေးရွာရှိ​ ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့် ရပ်မိရပ်ဖများ၊​ကျောင်းသား/​ကျောင်းသူများ စုစု​ပေါင်း(၇၅) ဦးတက်​ရောက်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)