ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ဒေးဒရဲ နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့လာမှုအား ကြိုတင်ကာကွယ်နိုင်စေရန်နှင့် နေအိမ်ပြင်ပသို့ သွားလာတိုင်း mask တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ Mask Campaignအဖြစ် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီက တညင်ကုန်းကျေးရွာအုပ်စုရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဖြန့်ဝေပေးခြင်းကို မြို့နယ်ကျန်းမားရေးဦးစီးဌာနက ဦးဆောင်၍ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာစေရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ လမ်းသွား လမ်းလာ ပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်ရှိသော ရပ်ကွက်များနှင့် ကျေးရွာများတွင် ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာစေရေးနှင့် အသက် ၁၈နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီးစီးကာလ ခြောက်လပြည့်ပြီးသူများ မပျက်မကွက် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံစေရေး အသိပညာပေးခြင်းကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း