ရေဖြူ နိုဝင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်ရည်ရည်သွေး ထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်ကကျင်းပခဲ့သည်။
ရှေးဦးစွာ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူ ရှိန်ကပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ အ-ထ-က ရေဖြူမှ ကျောင်းသား/သူများကစိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန် က အမှတ်တရပစ္စည်းလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခတ္တာ