နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ လေပြင်းဘေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

နွားထိုးကြီး နိုဝင်ဘာ ၄

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စိမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဆူနာမီဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ဆွေဇင်မြင့်မှ သဘာဝအန္တရာယ်များအကြောင်းမှ ဘူမိဗေဒဆိုင်ရာ အန္တရာယ် များ၊ မိုးလေဝသဆိုင်ရာအန္တရာယ်များ၊ ရာသီဥတုဆိုင်ရာ အန္တရာယ်များ၊ ဇလဗေဒဆိုင်ရာအန္တရာယ် များမီးဘေး၊ တောမီးလောင်ခြင်းငလျင်ဘေး၊ မြေပြိုခြင်း၊ မုန်တိုင်းအန္တရာယ်၊ လေဆင်နှာဦမောင်း အန္တရာယ်၊ ရေလွှမ်းမိုးမှုအမျိုးအစားများအကြောင်အရာများ ဖြစ်ပေါ်လာပါက သတိပြုလိုက်နာရန် အချက်များ၊ သဘာဝဘေးဖြစ်ပေါ်ပြီးနောက် ရှောင်ရှားရမည့်အချက်များ၊ အရေးပေါ်သုံး ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အကျယ်တဝင့် ရှင်းလင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်