အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး(Talk-Show)ပြုလုပ်

ကျိုက်မရော နိုဝင်ဘာ ၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (talk-Show)ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ် ထွေးက ဆွေးနွေးပွဲ (Talk-Show)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမျိုးသမီးများအား အကြမ်းဖက်ခြင်းခံရသည့် အခြေခံအချက်များအားဆွေးနွေးပြီး ကျိုက်မရော မြို့နယ် မေသရဖူလူမှုရေးအသင်းမှ ဒေါ်မိုးမိုးစံက အမျိုးသမီးများ အကြမ်းဖက်မှုဆိုင်ရာ အချက် ၅ ချက်ရှိကြောင်း အမျိုးသမီးအများစု ခံစားနေရသည့် အကြမ်းဖက်မှုမှာ အိမ်တွင်းအကြမ်းဖက်မှုများဖြစ်ကြောင်း အချို့အမျိုးသမီးငယ်များအနေဖြင့် လူမှုကွန်ရက်များ၊ ဆိုရှယ်မီဒီယာ များမှတစ်ဆင့် အကြမ်းဖက်မှုအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရပြီး အဆိုပါအကြမ်းဖက်မှုများ ပပျောက်စေရန်အတွက် ကာကွယ်ရမည့်နည်းလမ်းများ၊ ဆိုရှယ်မီဒီယာကို အကျိုးရှိစွာ အသုံးချတတ်ရန်လိုအပ်ကြောင်းနှင့် အမျိုးသမီးများ အကြမ်းဖက်မှုခံရနိုင်သည့် စိတ်ပိုင်းဆိုင်ရာ  ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုပါအကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးအတွက်သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ မြို့ပေါ်နှင့် ကျေးရွာများတွင် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး အသိပညာပေး ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို Club အသင်းများ၊ လူမှုရေးအသင်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ အသိပညာပေးခြင်း အစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိပြီး အဆိုပါအစီစဉ်များကို We Love Kyaikmayaw facebook Page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။

ကျိုက်မရော (ပြန်/ဆက်)