မြစ်သားမြို့နယ်အတွင်း  မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရန်အတွက်ကွင်းဆင်းဆောင်ရွက်

မြစ်သား    နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး ()ကြောင်းနှင့်ဒေသခံ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မြစ်သားမြို့နယ် သီလင်ကျေးရွ ာအုပ်စု၊ခန္တီးလေး ‌ကျေးရွာအောင်ဒ္ဓိဘုရားပရဝုဏ်အတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် () ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဥ်()ရပ်နှင့်ဦးတည်ချက် ()ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးသည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ခန္တီလေး ကျေးရွာနေဦးမောင်  မောင်အေးမှ ကျေးရွာရှိလယ်ဧကနှင့်ဆည်ရေသောက်မမျှတပါ၍ ဆည်ရေ သောက်ပိုမိုရရှိစေရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ရွာလယ်လမ်းအား ကွန်ကရစ်လမ်းခင်းပေး စေလို‌ကြောင်း၊ခန့်ကျေးရွာတွင် အိမ်ခြေ(၂၀၀)  ခန့်လူဦးရေ(၁၀၀၀)ခန့် ရှိပါ၍ ရွာအုပ်စုခွဲရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ဦးစံလင်းမှ ကုန်ထုတ်လမ်းရရှိ ရေးဆောင်ရွက်ပေးစေလိုကြောင်းနှင့် နဂါးရုံကျေးရွာနေ ဦးတင်အေးမှ ကျေးရွာအတွင်းရှိ သောက်သုံးရေတွင်းမှာ ထုံးဓာတ်များပါဝင်ပြီး အနည်ထိုင်ခြင်း များပြားနေပါသဖြင့် ရေသန့်စက်ရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုကြောင်း အသီးသီး ဆွေးနွေးတင်ပြရာတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြ သည်။ဆက်လက်၍ မြစ်သားမြို့မရဲစခန်းမှဒုရဲအုပ်ဟိန်းဇော်ထက်က တရားဥပဒေစိုးမိုးရေးနှင့် လူကုန်ကူးမှုမခံရစေ‌ရေး   အသိပညာပေးပြောကြားခဲ့ပြီး   မြို့နယ်လဝကဦးစီးမှူး   ဦးအောင်ကျော်မိုးမှ  မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများပြုလုပ်ရာတွင် အခက်အခဲရှိပါက  ယခုလိုတွေ့ဆုံပွဲများ၌  ဒေသခံပြည်သူများအနေဖြင့် ကိုယ်တိုင်လာ‌‌ရောက်တွေ့ဆုံကာ ဆွေးနွေးနိုင်ကြောင်း ရှင်းလင်း ပြောကြားပြီး ဌာနမှထုတ်ဝေသည့် “မိဘပြည် များသို့အသိပေးထုတ်ပြန်ချက်” လက်ကမ်းစာစောင် များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူမှလိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး (မြစ်သား)