သရက်မြို့၌ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သရက် နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်းရတုခန်းမ၌ကျင်းပရာ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ထက်၊ လယ်၊ မူ၊  ဆရာ၊ ဆရာမ ကျောင်းအုပ် (၁၄၆)ဦး တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့်အမှာစကားပြေကြားရာမှာ ပညာရေးဆိုင်ရာ မဟာဗျူဟာများ၊ နှစ်တိုနှစ်ရှည်  စီမံကန်းများအား စနစ်တကျစီမံခန့်ခွဲနိုင်မှသာလျှင် အရည်အချင်းနှင့် အရည်အသွေးရှိပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းရှိသော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်းနှင့် စီမံကိန်းရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ကျောင်းသားများရဲ့ ပညာသင်ယူအခါ ကျောင်းသားများ၏သင်ယူတက်ရောက်မှု သိသာထင်ရှားစွာ တိုးတက်လာရေးကို ဦးတည်သည့် ပိုမိုကောင်းမွန်သော သင်ကြားသင်ယူမှု ပညာရေးနှင့် လေ့ကျင့်ရေး သုတေသန၊ ဆန်သစ်တည်ထွန်မှုများ ဖြစ်လာစေရေး ရည်မှန်းချက်ထား ဆောင်ရွက်စေလိုကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက်ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ပြောင်းလဲလာသော ပညာရေးစနစ်သစ်များ ထိရောက် အောင်မြင်စေရးအတွက် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုသည် အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြို့နယ်အတွင်းရှိ ကျေးရွာများ ကွင်းဆင်းဆောင်ရွက်သည့်အခါ ကျေးရွာနေ ပြည်သူများအနေဖြင့် မိမိကျေးရွာတွင် ကျောင်းသားဦးရေးနှင့် ကျောင်းဆောင်လိုအပ်မှုများ တင်ပြကြပါတယ် ကျောင်းအုပ်ကြီးများအနေဖြင့် မိမိတာဝန်ကျသည့် ကျောင်းများတွင် လိုအပ်မှုရှိပါက မြို့နယ်ပညာ ရေးမှူးရုံးတွင် တင်ပြစေလိုကြောင်း ပြောကြားပေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အခြေခံပညာ ကျောင်းများမှ အထက်တန်း၊အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီး(၁၄၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)