ကျောင်းကုန်းမြို့တွင် သင်္ကြန်အတက်နေ့ ပျော်ရွှင်စွာ ဆင်နွှဲ
Apr 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ကမ်းနားလမ်းနှင့် ဆေးရုံလမ်းထောင့် ဗဟိုမဏ္ဍပ်တွင် ယနေ့သင်္ကြန်အတက်နေ့တွင် ပျော်ရွှင်စွာ ဖျော်ဖြေ ကပြ သီဆိုကာ ရေပက်ကစားခဲ့ကြသည်။ အလှူရှင်များကလည်းနေ့စဉ် မုန့်လုံးရေပေါ်များ၊ မုန့်လက်ဆောင်းများ၊ ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။