ကျွန်းလှမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိအညာပေး Talk Show ကျင်းပ

ကျွန်းလှ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက အသိပညာပေး Talk Show ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ရဲအုပ်‌ အောင်ကျော်မိုး (မြို့မရဲစခန်း)က ယာဉ်ထိခိုက်မှုဖြစ်ပွားရခြင်း၊ ယာဉ်မောင်းသူများ၊ ‌မော်တော်ယာဉ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများနှင့် ဥပဒေပစ်မှု ပစ်ဒဏ်များ အကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ၊ လူငယ် လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် Talk Show အစီအစဉ်များအား စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ