စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစနစ်ဖြင့် စာအုပ်များလှည့်လည်ငှားရမ်းပေး

ဖောင်းပြင် နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေချစ်မြတ်နိုးသူများအနေဖြင့် စာအုပ်စာပေများကို စဉ်ဆက်မပြတ် ဖတ်ရှုနိုင်ရေးနှင့် စာဖတ်သူဦးရေ တိုးပွားလာစေရေးတို့ကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ကာ သုတ၊ ရသစာပေများကို အခမဲ့ငှားရမ်းပေးသည်။

ထိုသို့ စာအုပ်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ​ဆောင်ရွက်သွားမည်ဖြစ်ပြီး စာအုပ်များ ငှားရမ်းပေးစဉ် စာဖတ်ပရိတ်သတ်များ၏ ဖတ်ရှုလိုသော စာအုပ်များနှင့် အကြံပြုချက်များကို မှတ်တမ်းရယူကာ စာဖတ်သူဦးရေ တိုးပွားလာစေရေးအတွက်  စဉ်ဆက်မ​ပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)