ပခုက္ကူ နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အခြေခံလူတန်းစားပြည်သူများအနေဖြင့် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန်ရည်ရွယ်၍ ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၌ ယမန်နေ့ နံနက်၈နာရီခွဲအချိန်က ရောင်းချပေးလျက်ရှိသည်။
အဆိုပါအခြေခံစားသောက်ကုန်များရောင်းချပေးရာတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က အနီးကပ်ကြီးကြပ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဆန်တစ်ပြည်လျှင် ငွေကျပ်၁၅၀၀နှုန်းဖြင့် ပြည်သူ (၁၉၅)ဦးနှင့် စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ်၄၅၀၀နှုန်းဖြင့် ပြည်သူ(၃၀၀)ဦးထံကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)