သတင်းများ

ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေ
Nov 05,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) ဆိုင်ရာ ပြည်သူများသို့အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင် များကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံ လိုက်လံဖြန့်ဝေပေးခဲ့သည်။
ဒွါဒသမအကြိမ် နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ မဟာကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Nov 05,2022
ဒွါဒသမအကြိမ် နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင် ဆရာတော်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိစက္ခဏ မထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
သိန္နီမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)ဆိုင်ရာ အသိပညာပေး(Talk Show) ရိုက်ကူး
Nov 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ)ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၃၀)ကြိမ်မြောက် ကော့ကရိတ်ခရိုင်/မြို့နယ်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 05,2022
(၃၀)ကြိမ်မြောက် ကော့ကရိတ်ခရိုင်/မြို့နယ်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၇)ရပ်ကွက်၊ လေသာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
မိုင်းယောင်းမြို့၌ တည်ဆောက်ရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး
Nov 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသော အ.လ.က(တပ်တွင်း) တိုးချဲ့ကျောင်းဆောင်သစ်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကံမမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 05,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်ပညာရေးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ
Nov 05,2022
တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များ စုစည်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့က ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်သည့် အံ့ဩဘဘိုကြည်မောင်(မသန်စွမ်း) အလှူရှင်တစ်ဦး၏ ကထိန်အလှူတော်
Nov 05,2022
မြန်မာလူမျိုး(ဗုဒ္ဓဘာသာ)တို့၏ မွန်မြတ်သည့်အလှူတစ်ခုဖြစ်သည့် ကထိန်သင်္ကန်းကပ်အလှူပွဲတော်ရာသီတွင် ငွေကြေးတတ်နိုင်သူများနှင့် သဒ္ဓါတရားထက်သန်သူများက ကထိန်သင်္ကန်းများနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းကြချိန်တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့က မသန်စွမ်းတစ်ဦးဖြစ်ပြီး အများပြည်သူပေးကမ်းစွန့်ကြဲမှုဖြင့် စားသောက်နေထိုင်သူ မောင်မောင်ကြည်(ခ)ဘိုကြည်မောင်ကလည်း အများပြည်သူက ၎င်းအားပေးကမ်းစွန့်ကြဲထားသည့် ငွေကြေးများကိုစုဆောင်းကာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်ခြင်း အလှူတော်ကို ယမန်နေ့နံနက် ၁၀ နာရီက ရေနံချောင်းမြို့ ရွှေကြာငုံရပ်ကွက် ရွှေကြာငုံဓမ္မာရုံတွင် ပြုလုပ်သည်။