မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မကွေးလေတပ်စခန်းဌာနချုပ် မြန်မာ့ရိုးရာ မိသားစုနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲတက်ရောက်
Apr 15,2022
မြန်မာတို့၏ (၁၂)လရာသီ ပွဲတော်မှာ ပထမဦးဆုံး နှစ်ကူးလ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ကာလမှာ သင်္ကြန်ရေးအေးနဲ့ နှစ်ဟောင်းမှ မကောင်းသော အညစ်အကြေးများကို ဆေးကြောသန့်စင် ပြီး စိတ်သစ်လူသစ်ဖြင့် တိုးတက်မှုအပေါင်း ဆောင်ယူနိုင်စေရန် ရည်ရွယ်ကျင်းပသည့် ၁၃၈၃ ခုနှစ် မြန်မာရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မြန်မာ့ရိုးရာမိသားစု နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်ခဲ့ပြီး မကွေးမြို့ကမ်းနားလမ်းရှိ ရေကစားမဏ္ဍပ်များသို့ လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။