သတင်းများ

နတ်မောက်မြို့နယ်တွင် Documentary ရိုက်ကူးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 05,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ အထင်ကရဖြစ်သည့် နေရာများအား Documentary ရိုက်ကူးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မူဆယ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ စာရင်းနှင့်  ပက်သတ်၍ ပြည်သူများအား အသိပေးဆောင်ရွက်”
Nov 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မူဆယ်မြို့၌  မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းပုံစံ၆၆/၆စာရင်း နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာ‌ပေးခြင်းကို ယနေ့နံနက် (၈)နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၂)လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရ
Nov 05,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ဇီးကျွန်းကျေးရွာနှင့် နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ ကျွန်းကလေးကျေးရွာ၊ ဘီးဇပ်ခုံကျေးရွာ၊ ထူးကျေးရွာနှင့် ငှက်တောကုန်းကျေးရွာတို့ရှိ လူနေအိမ်(၁၂)လုံးဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ ထွက်ခွာ
Nov 05,2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ အလုပ်သမား (၃၆) ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
တန်ဆောင်တိုင်အကြို သင်္ကန်းဆိုင်များ ပိုမိုရောင်းအားကောင်း
Nov 05,2022
တန်ဆောင်တိုင်မရောက်မီ အကြိုကာလတွင် သင်္ကန်း၊ သပိတ်၊ ထီး၊ ဖိနပ်များ ပိုမိုရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မိဘပြည်သူသို့ အသိပေးထုတ်ပြန်ချက် (Talk Show)ဆောင်ရွက်
Nov 05,2022
မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ-၆၆/၆ (အထစ)နှင့် ပတ်သက်၍ အခက်အခဲများကို သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွား ရောက် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာချက်အပေါ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် (Talk Show) အား ယမန်နေ့ညနေ (၁၅)နာရီခွဲ အချိန်က မြို့နယ်ဦးစီးမှူးရုံး တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ ဗုဒ္ဓမြတ်စွယ်တော်နှင့်ဓာတ်တော်များအား ဗုဒ္ဓဘိသေက အနေကဇာတင်အခမ်းအနားကျင်းပ
Nov 05,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ဗုဒ္ဓမြတ်စွယ်တော်နှင့် ဓာတ်တော်များအား ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ဇီးကုန်းလေးရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီး သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းငေါ့မြို့ အမှတ်(၃)တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရုံကျောင်းတိုက်၌ ဌာနဆိုင်ရာစု‌ပေါင်း မဟာဘုံကထိန်နှင့်ကံထပ်အလှူတော်မင်္ဂလာကျင်းပ
Nov 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်နှင့်ကံထပ် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က မိုင်းငေါ့မြို့ အမှတ်(၃) တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။