သတင်းများ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ
Apr 18,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနား ကျင်းပသည်။
မိုင်းလုံမြို့တွင် စတုတ္ထအကြိမ်‌မြောက် အသက်(၇၅)နှစ်အထက် သက်ကြီးပူဇော်ပွဲကျင်းပ
Apr 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ စတုတ္ထအကြိမ်‌မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို အထက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်မှ ဦးဆောင်၍ ရပ်မိ၊ ရပ်ဖများနှင့် လူငယ်များစုပေါင်း၍  ယမန်နေ့က  အထက်ရပ်ကွက်၌ ကျင်းပခဲ့ကြောင်းသိရသည်။
သမိုင်းဝင်ကျိုက္က​လော့​စေတီ​တော်၌ ငါးသား​ပေါက်​ကောင်​ရေ​ လေး​သောင်းအား ဇီဝိတဒါန​သက်ကယ်ဘေးမဲ့လွှတ်​ပေး
Apr 18,2022
၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်​နေ့ နှစ်သစ်အခါ သမယတွင် သတ္တဝါများ ဇီဝိတ အသက်ချမ်းသာ ရရှိ​စေရန် ရည်ရွယ်၍ ယမန်​နေ့ နံနက်ပိုင်းက ရန်ကုန်​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ သမိုင်းဝင်ကျိုက္က​လော့​ စေတီ​တော်မြတ်ကြီး၏ ​ကျိုက္က​လော့ကန်​တော် မင်္ဂလာတွင် ငါးသား​ပေါက်​ကောင်​ရေ ​​လေးသောင်းကို ဇီဝိတဒါန သက်ကယ်ငါးလွှတ်​ပေးခဲ့ကြကြောင်း ​စေတီ​တော်မြတ်ကြီး၏ ဘုရား​ဂေါပကအဖွဲ့ထံမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းကြီးကျောင်းများတွင် မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ကောင်းမှု ကုသိုလ်ပြုကြသူများဖြင့် စည်ကား
Apr 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်း တစ်ရက်နေ့ဖြစ်သည့် ယမန်နေ့နံနက်ပိုင်း အချိန်မှစ၍ အေးချမ်းစွာဖြင့် ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့ ရွှေလင်းဘိုးဘွားရိပ်သာ၌ သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပ
Apr 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲကန်‌တော့ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် ဝန်ထမ်းများမှ ယမန်နေ့ နံနက် ၁၀နာရီက နတ်တလင်းမြို့ ရွှေလင်းဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရပ်ကွက်များအလိုက် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပ
Apr 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရပ်ကွက်များရှိ သက်ဆိုင်ရာလမ်းများတွင် ယမန်နေ့ညနေ ၃ နာရီ အချိန်မှစ၍ မြန်မာ့ရိုးရာနှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရဟန်းသံဃာတော်များက ရွတ်ဖတ် သရဇ္ဇယ်တော်မူကြပြီး ကုသိုလ်ယူတရားနာ လာရောက်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် နှစ်ဦးဆွမ်းဆက်ကပ်ခြင်း၊ ပရိတ်တရားတော်နာယူပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွား ကန်တော့ပွဲ အခမ်းအနားကျင်းပ
Apr 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် သံဃာတော် အရှင်သူမြတ်များအား နှစ်ဦးဆွမ်းဆက်ကပ်ခြင်း၊ ပရိတ်တရားတော် နာယူပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွား ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တောင်ငူ၌ အဘိုးအဘွားများအား ပူဇော်ကန်တော့ ထောက်ပံ့ငွေများနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း
Apr 18,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကေတုမတီဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား မဟာသင်္ကြန် ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​ကေတုမတီ ဘိုးဘွားရိပ်သာ မင်္ဂလာခန်းမတွင် ကျင်းပသည်။