သတင်းများ

လောက်ကိုင်မြို့၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း Mask Campaing ဆောင်ရွက်
Nov 10,2022
ဒေသခံပြည်သူများကို ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးခြင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ကြာပန်းအဝိုင်းအနီးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က Mask Campaing ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်
Nov 10,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး  Talk Show ကို ယမန်နေ့ မွန်းတည့်ချိန်က လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ စားဝတ်နေရေး အထောက်အကူဖြစ်စေရန် အခြေခံစားကုန်ဖြစ်သော ဆန်များ ရောင်းချ
Nov 10,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ စားဝတ်နေရေး အထောက်အကူဖြစ်စေရန် အခြေခံစားကုန်ဖြစ်သော ဆန်တစ်ပြည်လျှင်(၁၅၀၀/-)ကျပ်နှုန်းဖြင့် ရောင်းချခြင်းကို ယနေ့နံ နက် ၈ နာရီခွဲအချိန်က အောင်လံမြို့ တရော်ကုန်းရပ်ကွက် (၁၀)လမ်းရှိ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမရှေ့တွင် ရောင်းချခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂၄)လုံးအတွက် ထောက်ပံ့ငွေပေးအပ်
Nov 10,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ လေးလံကျွန်းကျေးရွာတွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၈ရက်နေ့က ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂၄) လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်၁၁နာရီခွဲအချိန်က ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ကျင်းပကြောင်းသိရသည်။
ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့(ဆင်းရွှေကြာ-၂) ထောက်ပံ့ပေးအပ်
Nov 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့(ဆင်းရွှေကြာ-၂) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိမ်းစားပင်ကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)တွင် ကျင်းပခဲ့သည်။       
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲများဆောင်ရွက်
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို သပြေရုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့၌ မကူးစက်နိုင်သော ရောဂါကုသမှုဆေးခန်း (Non-communicable disease(NCD) Clinic ဖွင့်လှစ်ဆောင်ရွက်
Nov 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မကူးစက်နိုင်သောရောဂါ ကုသမှုဆေးခန်း Non-communicable disease (NCD) Clinic ကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျိုင်းတုံ)ရုံးတွင် ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
စာပေချစ်မြတ်နိုးသူများထံသို့ လက်ဝယ်အရောက်  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း ဆောင်ရွက်
Nov 10,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ ပြည်သူများသို့ စာအုပ်စာစောင်ကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ သွားရောက်ပြီး အခမဲ့ ငှားရမ်းပေးကြသည်။