ရေနံချောင်းမြို့က ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်သည့် အံ့ဩဘဘိုကြည်မောင်(မသန်စွမ်း) အလှူရှင်တစ်ဦး၏ ကထိန်အလှူတော်
Nov 05,2022
မြန်မာလူမျိုး(ဗုဒ္ဓဘာသာ)တို့၏ မွန်မြတ်သည့်အလှူတစ်ခုဖြစ်သည့် ကထိန်သင်္ကန်းကပ်အလှူပွဲတော်ရာသီတွင် ငွေကြေးတတ်နိုင်သူများနှင့် သဒ္ဓါတရားထက်သန်သူများက ကထိန်သင်္ကန်းများနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းကြချိန်တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့က မသန်စွမ်းတစ်ဦးဖြစ်ပြီး အများပြည်သူပေးကမ်းစွန့်ကြဲမှုဖြင့် စားသောက်နေထိုင်သူ မောင်မောင်ကြည်(ခ)ဘိုကြည်မောင်ကလည်း အများပြည်သူက ၎င်းအားပေးကမ်းစွန့်ကြဲထားသည့် ငွေကြေးများကိုစုဆောင်းကာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်ခြင်း အလှူတော်ကို ယမန်နေ့နံနက် ၁၀ နာရီက ရေနံချောင်းမြို့ ရွှေကြာငုံရပ်ကွက် ရွှေကြာငုံဓမ္မာရုံတွင် ပြုလုပ်သည်။