သတင်းများ

သာပေါင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွတ် ဖတ်ပူဇော်ပွဲကျင်းပ
Apr 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယမန်နေ့ နံနက် ၇ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Apr 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ရုံးဌာနများ၊ ရပ်ကွက်/ ကျေးရွာများတွင် မြန်မာ့နှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် သက်ကြီးပူဇော်ပွဲများ၊ ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ခြင်းတို့ကို  မြန်မာ့ရိုးရာ အစဉ်လာမပျက် ကျင်းပပြုလုပ်ခဲ့ကြသည်။
မွန်ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပ
Apr 18,2022
မြန်မာနှစ်ဆန်း၁ရက်နေ့တွင် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)က ကြီးမှူး၍ (၄၇) ကြိမ်မြောက် မွန်သက်ကြီးပူ‌ဇော်ပွဲကို ယမနနေ့နံနက်ပိုင်းက ‌ရွှေတိဂုံဘုရားလမ်းမွန်ဓမ္မာရုံ၌ ကျင်းပသည်။
မြန်မာနှစ်ဆန်း(၁)ရက်နေ့ အခါသမယတွင် ဗန်းမော်မြို့၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ပူဇော်ပွဲကျင်းပ
Apr 18,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အခါသမယ တွင် ကချင်ပြည်နယ် ဗန်းမော်မြို့ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရ သည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်ပသည့် ဘိုးဘွားသက်ကြီး ပူဇော်ကန်‌တော့ပွဲ အခမ်းအနားကျင်းပ
Apr 18,2022
၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုရအဖွဲ့မှ ကြီးမှူးကျင်းပသော ဘိုးဘွားသက်ကြီး ပူဇော်ကန်‌တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးရှိ သီရိရတနာခန်းမ၌ ကျင်းပသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ ပြည်မြို့သီရိခေတ္တရာ ဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကျင်းပ
Apr 18,2022
၂၀၂၂ခုနှစ် ယမန်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့နံနက် ၉နာရီအချိန်တွင် ပြည်မြို့ သီဂီခေတ္တရာ ဘိုးဘွားရိပ်သာ၌ သက်ကြီး ဘိုးဘွားများ ပူဇော်ကန်တော့ပွဲကို ကျင်းပပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့ ဇီဝိတဒါန ငါးနှင့် ငှက်လွှတ်ပွဲ ကျင်းပ
Apr 18,2022
ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက် ဇီဝိတဒါန ငါးနှင့်ငှက်လွှတ်ပွဲကို ယမန်နေ့နံနက် ၆နာရီခွဲက ဗဟန်းမြို့နယ်၊ ကြားတောရ ရပ်ကွက်၊ ကြားတောရလမ်းရှိ မဟာဇေယျအတုလမာရဇိန်ကြေးသွန်း ဘုရားကြီးတွင် ကျင်းပပြုလုပ်သည်။
လပွတ္တာမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ဆန်း(၁) ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Apr 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ဆန်း(၁)ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ရဲတံခွန်ခန်းမရှေ့မှ စတင်၍ မြို့နယ်တွင်း လှည့်လည်အလှူခံကြွချီကြောင်း သိရှိရသည်။