လောက်ကိုင် နိုဝင်ဘာ ၁၀
ဒေသခံပြည်သူများကို ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးခြင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ကြာပန်းအဝိုင်းအနီးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထူးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများက ရပ်ကွက်(၁) အတွင်းသွားလာနေသော ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများ အား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်သွားလာကြရန်၊ နေအိမ်ပြင်ပသွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန်စသည်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း Mask(၁၀၀၀)ခုကိုဖြန့်ဝေပေးခဲ့ကြောင်၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များတွင်လည်း အလားတူဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လောက်ကိုင်(ပြန်/ဆက်)