အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ စားဝတ်နေရေး အထောက်အကူဖြစ်စေရန် အခြေခံစားကုန်ဖြစ်သော ဆန်များ ရောင်းချ

အောင်လံ နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ စားဝတ်နေရေး အထောက်အကူဖြစ်စေရန် အခြေခံစားကုန်ဖြစ်သော ဆန်တစ်ပြည်လျှင်(၁၅၀၀/-)ကျပ်နှုန်းဖြင့် ရောင်းချခြင်းကို ယနေ့နံ နက် ၈ နာရီခွဲအချိန်က အောင်လံမြို့ တရော်ကုန်းရပ်ကွက် (၁၀)လမ်းရှိ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမရှေ့တွင် ရောင်းချခဲ့သည်။

အဆိုပါဆန်ရောင်းချခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံစားကုန်ဖြစ်သော ဆန်တစ်ပြည်လျှင်(၁၅၀၀/-)ကျပ်နှုန်းဖြင့် ဆန်အိတ်(၇၀)အား ပြည်သူတစ်ဦးလျှင် တစ်ပြည်နှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)