သာစည်မြို့ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

သာစည် နိုဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး  Talk Show ကို ယမန်နေ့ မွန်းတည့်ချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

Talk Show တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့် ဒုတိယမြို့နယ် ပညာရေးမှူး ဦးတင့်ဘော်တို့က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို  သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအကြောင်း၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေး ဥပဒေပါအချက်များ၊ အမျိုးသားပညာရေး အကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။                                                                                  

မြို့နယ် (ပြန်/ဆက်)