စာပေချစ်မြတ်နိုးသူများထံသို့ လက်ဝယ်အရောက်  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရမ်းဗြဲ  နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ ပြည်သူများသို့ စာအုပ်စာစောင်ကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ သွားရောက်ပြီး အခမဲ့ ငှားရမ်းပေးကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ရန် မအားလပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူပြည်သူများအတွက် သုတ/ ရသ၊  မဂ္ဂဇင်းနှင့် ဝတ္ထု စာအုပ်စာစောင်များကို ယူဆောင်လျက် ငှားရမ်းပေးခဲ့ကြရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများနှင့် ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများကလည်း ကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များကို ဖတ်ရှုရန်အတွက် ငှားရမ်းခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များကို Mobile စနစ်ဖြင့် ငှားပေးခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်းများသာမက   ပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ကြရန် အတွက်  အိမ်တိုင်ရာရောက် စနစ်ဖြင့်လည်း အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)