ပခုက္ကူ နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ လေးလံကျွန်းကျေးရွာတွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၈ရက်နေ့က ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂၄) လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်၁၁နာရီခွဲအချိန်က ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ကျင်းပကြောင်းသိရသည်။
ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် ဧရာဝတီမြစ်ရေကြီး ပြီးကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော လူနေအိမ်(၂၄)လုံး၊ အိမ်ထောင်စု (၂၄)စု၊ လူဦးရေ(၉၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၆၀၅၈၀၀) တို့အား ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေနှင့် ဝန်ထမ်းများက ကမ်းပါးပြိုဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)