ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့(ဆင်းရွှေကြာ-၂) ထောက်ပံ့ပေးအပ်

ဇေယျာသီရိ နိုဝင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့(ဆင်းရွှေကြာ-၂) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိမ်းစားပင်ကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)တွင် ကျင်းပခဲ့သည်။       

ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့(ဆင်းရွှေကြာ-၂) မျိုးသန့်များကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အထွက်နှုန်းကောင်းမွန်ပြီး မျိုးစေ့အဖြစ်ပြန်လည်ရောင်းချနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ရာထောက်ပံ့ပေးအပ်ပွဲသို့ ဥတ္တရခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်၊ ဇေယျာသီရိမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးပြေသိန်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဥတ္တရခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်အတွင်းရှိ နေကြားမျိုးစေ့ ထုတ်စိုက်ပျိုးမည့်တောင်သူ ၁၄ ဦးအား ၁ ဧကလျှင် ၃ ပြည်နှုန်းဖြင့် စုစုပေါင်း ဧက ၅၀ အတွက် နေကြာမျိုးစေ့(ဆင်းရွှေကြာ-၂) ၁၅၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)