ဖျာပုံမြို့နယ်တွင် နိုင်(၄) မှတ်တမ်းများအား Software Program အသုံးပြု၍ လူဦးရေ စာရင်းစိစစ်ရေးသွင်း
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊မြို့နယ်ဦးစီးမှူး ဦးဇော်လွင်မှ ဦးဆောင်၍ နိုင်ငံသား ကိုယ်ရေးမှတ်တမ်းအချက်အလက် နိုင်(၄) မှတ်တမ်းများအား Computer Software Program အသုံးပြု၍ စာရင်းရေးသွင်းခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ မြို့ပေါ် ဌာနဆိုင်ရာများ၏ အကူအညီဖြင့် မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြသည်။