သတင်းများ

ပုဏ္ဏားကျွန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ
Nov 06,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာအုပ်စု တောင်သူ ဦးလှမောင်၏ လယ်မြေဧက ၀.၁၀  ဧက ဆင်းသွယ်လတ်မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို စိုက်ပျိုးရေး ကြီးကြပ်ရေးကော်မတီဝင်များနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် မိသားစုများအတွက် ကြက်ခြေနီမှထောက်ပံ့ပစ္စည်းများပေးအပ်
Nov 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခြင်း၊ အမိုးလန်ပျက်စီးခြင်းဖြင့် ထိခိုက်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများထံ ထောက်ပံ့ပစ္စည်းများကို ပြည်အေးခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးကိုနိုင်နှင့် တာဝန်ရှိသူများက ထိခိုက်ခံစားခဲ့ရသူများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံသို့ ပေးအပ်ကြသည်။
သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်း ကျောင်း(အစုကြီး)တွင် စာကြည့်တိုက်ပညာရက်တိုသင်တန်းဖွင့်လှစ်
Nov 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်းကျောင်း(အစုကြီး)တွင် စာကြည့်တိုက်ပညာ ရက်တိုသင်တန်းကို နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြသည်။
ကျုံပျော်တွင် နေကြာသီးနှံစိုက်ပျိုးမှုအောင်မြင်ရေး ကွင်းဆင်းကြီးကြပ်ခြင်းများဆောင်ရွက်
Nov 06,2022
ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများရရှိရေးအတွက် ဆီထွက်နေကြာသီးနှံများကို စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးမှုအောင်မြင်ရေး ကွင်းဆင်းကြီးကြပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စုတွင် ယမန်နေ့ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက်စာဖတ်ဝိုင်းကျင်းပ
Nov 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နယ်မြေခံစာရေးဆရာများ၊ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များစုပေါင်း၍ စာအုပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက်စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြောင်း သိရသည်။
အခြေခံပညာဦးစီးဌာန စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်းဆင်းပွဲ မုံရွာမြို့၌ပြုလုပ်
Nov 06,2022
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီက အထက(၂)မုံရွာတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
(၄၃)ကြိမ်မြောက် သံတွဲမြို့နယ် စုပေါင်းမဟာဘုံကထိန်ပွဲတော် လှည့်လည်ပွဲ ကျင်းပ
Nov 06,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှုကျင်းပသည့် (၄၃)ကြိမ်မြောက်၊ ခရိုင်၊ မြို့နယ် ဌာနပေါင်းစုံ ဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် လှည့်လည်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ဒွါရာဝတီခန်းမမှ စတင်၍ သံတွဲမြို့အတွင်း စီတန်း လှည့်လည်ခဲ့ကြသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Nov 06,2022
မန္တလေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်းရှိ၊ ဖူဆယ်ဘောလုံးခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ဗိုလ်လုပွဲစဉ်များအဖြစ် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။