သတင်းများ

သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့သိုင်း သင်တန်းဖွင့်လှစ်
Apr 19,2022
မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ယမန်နေ့ နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကာ မြန်မာ့သိုင်း သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် စီမံကိန်းကျေးရွာရွေးချယ်
Apr 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် စီမံကိန်းကျေးရွာရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။   
လားရှိုးမြို့၌ အသက်(၄၀)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအပိုဆောင်း (Booster Doses) ဆက်လက်ထိုးနှံပေးလျက်ရှိ
Apr 19,2022
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ဧပြီ(၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်မှ စတင်ကာ အသက်(၄၀)နှစ်နှင့်အထက်ရှိသူ မည်သူမဆို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်း(Booster Doses) ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ငပလီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးငွေပေးအပ်
Apr 19,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ လူမှုဝန်ထမ်းကယ်ဆယရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ် များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဇီးဖြူကုန်း အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့ သန့်ရှင်းသာယာပြီး အမှိုက်ကင်းစင်မြို့ ဖြစ်လာစေရေး နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့သည် ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင်တည်ရှိသဖြင့် သန့်ရှင်းသာယာပြီး အမှိုက်ကင်းစင်သော မြို့ဖြစ်လာစေရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် မြို့အဝင်/ ထွက် ရန်ကုန်-ပုသိမ် ကားလမ်းဘေးတို့တွင်ရှိသည့် စွန့်ပစ်အမှိုက်များ ကောက်ယူခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ နေ့စဉ်နံနက်ပိုင်းတွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
ကျိုက်လတ်မြို့နယ်တွင်လုံခြုံရေးအတွက်စစ်ဆေးရေးဂိတ်များ၌စစ်ဆေးဆောင်ရွက်
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ် တွင်လုံခြုံရေးအတွက် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွား ပြည်သူများအား ယနေ့ နံနက် (၆) နာရီမှစ၍ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များက စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ပေါင်းတည်မြို့နယ်တွင် အသက် ၁၅ နှစ်မှ ၁၈နှစ်အတွင်း လူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ကွင်းဆင်းထိုးနှံပေး
Apr 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါင်းတည်မြို့နယ်တွင် အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်းရှိ လူငယ်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုး အဖွဲ့ ၁၀ ဖွဲ့ဖြင့် ရပ်ကွက်/ ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိ​သည်။
မိုင်းရယ်မြို့နယ် Community Center ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်
Apr 19,2022
ပြည်သူများအားလုံး အလေးထားလိုက်နာရန်လိုအပ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကို ယမန်နေ့ညနေ(၃)နာရီက လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမတွင် ပြုလုပ်ပါသည်။