သတင်းများ

ငါန်းဇွန်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း စားဖိုဆောင်နှင့် လူနေအိမ်အချို့ ပျက်စီး
Apr 19,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့ည ၇နာရီအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။
လယ်ဝေးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းဆောင်ရွက်
Apr 19,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းကို ဧပြီ ၁၉ ရက်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၃၁၆ ဦးဆက်လက်ဝင်ရောက်
Apr 19,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့တွင် ၃၁၆ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရ သည်။
ချောက်၌ လျှပ်စစ်မြစ်​ရေတင်စီမံကိန်းရေ​ပေး​ဝေမှုဖြင့် နွေသီးနှံ နှမ်း၊ ပဲတီစိမ်းတို့ ပိုမိုစိုက်ပျိုး ​
Apr 19,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်တွင် ဥမင်ကိုး​ပေါက် လျှပ်စစ်မြစ်​ရေတင်စီမံကိန်း၊ ပခန်း​ငယ် လျှပ်စစ်မြစ်​ရေတင်စီမံကိန်းတို့မှ ​ရေ​ပေး​ဝေမှုဖြင့်နွေသီးနှံ နှမ်းနှင့် ပဲတီစိမ်းတို့ကို ပိုမိုစိုက်ပျိုးလျက်ရှိ​ကြောင်းသိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး
Apr 19,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယနေ့ နံနက် ၁၀ နာရီခွဲ့ခန့်က ဘားအံမြို့၊ မြို့ကျက်သရေဆောင်ကြာအင်းတောင်ခြေ၌ တည်ဆောက်လျက်ရှိသော သာသနာ့ ဝေစည်ဓမ္မဗိမာန်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Apr 19,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာ‌‌ရေးနှစ် ‌ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကို ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်(၉) ရပ်ကွက်သို့ နေ့စဉ်ရေပေးဝေရေးစနစ် (၃)ခုဖြင့် ရေဂါလံပေါင်း ၁၅ သိန်းကျော်ဖြန့်ဝေပေးနေ
Apr 19,2022
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် မြစ်ကြီးနား မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာဖြန့်ဝေနေမှုနှင့် စပ်လျဉ်း၍ ယမန်နေ့ ညနေပိုင်းက ယင်းအဖွဲ့ရုံးတွင် ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ရာ ရေပေးဝေရေး စနစ် (၃)ခုဖြင့် နေ့စဉ် မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်သို့ ရေဂါလံပေါင်း ၁၅ သိန်းကျော် ဖြန့်ဝေပေးလျက်ရှိကြောင်း တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြချက်များအရ သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်းပေး
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးသို့ စာငှားစနစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။