သတင်းများ

ငွေတောင်ဦးကျောင်းတိုက်၊ သီရီမင်္ဂလာကျောင်းတိုက်၊ သိန်းဖျံကျေးရွာ၌ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
Nov 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ငွေတောင်ဦးသီရိမင်္ဂလာကျောင်းတိုက်၊ သိန်းဖျံကျေးရွာ၌ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲ ကျင်းပပြုလုပ်
Nov 06,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်ကို ယနေ့နံနက် ၇ နာရီအချိန်  သီရီမင်္ဂလာခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်း၌ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ
Nov 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယမန်နေ့က ယန်းမွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းသို့ စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ နယ်မြေကွင်းဆင်းဆောင်ရွက်
Nov 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂) ရပ်ကွက်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ရပ်ကွက်နေပြည်သူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့နယ် အ.ထ.က(၁)ကျောင်း ၁၉၉၇-၁၉၉၈ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား/သူဟောင်းများ စတုတ္ထကြိမ်မြောက် ဆရာကန်တော့ပွဲ ကျင်းပ
Nov 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ၁၉၉၇-၁၉၉၈ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့ သည့်ကျောင်းသား/သူဟောင်းများ ဦးဆောင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဆရာကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။
စစ်ကိုင်းမြို့နယ်အတွင်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်
Nov 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အသင်္ခယာ ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓမြတ်စွယ်တော် လက်ျာရစ်(၃)ကြိမ်လှည့်လည်အပူဇော်ခံပွဲကျင်းပ
Nov 06,2022
ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓမြတ်စွယ်တော် လက်ျာရစ်(၃)ကြိမ်လှည့်လည်အပူဇော်ခံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၃ နာရီက စေတီတော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
မီးစင်္ကြာနှင့် မီးပုံပျံလွှတ်တင်ရေး ခရိုင်အဆင့် ဌာနဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 06,2022
ပဲခူးတန်ဆောင်တိုင်ပွဲတော်တွင် မီးစင်္ကြာနှင့် မီးပုံပျံ လွှတ်တင်ရေး ခရိုင်အဆင့် ဌာနဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။