အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ချမ်းမြသာ စည်နိုဝင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်းရှိ၊ ဖူဆယ်ဘောလုံးခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ဗိုလ်လုပွဲစဉ်များအဖြစ် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်များကို မန္တလေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တိုင်း/ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း(၄)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသောအသင်းများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခင်စိမ်းဝင်း