သတင်းများ

မိုင်းကိုင်မြိုနယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Nov 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းရည်မြှင့်မား တိုးတက်စေရေးအတွက် မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(မိုင်းကိုင်)၊ မြတ်သီရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိဘပြည်သူများအားလုံး အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်ရေးနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများရရှိရေး အတွက်ကွင်းဆင်းဆောင်ရွက်ပေး
Nov 06,2022
ရှမ်းပြည်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ မိဘပြည်သူများ အားလုံးအိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်ရေးနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းမိသားစုများ စုပေါင်းပြီး ဆွမ်းဆက်ကပ် လှူဒါန်း
Nov 06,2022
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ယမန်နေ့နံနက် ၅ နာရီ မိနစ် ၃၀ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတော်ဝင်စန္ဒကူးခန်းမတွင်အရုဏ်ဆွမ်းနှင့်လှူဖွယ်များဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Nov 06,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မင်းဘူး(စကု)မြို့နယ်၌ စကုမြို့မ အားကစားကော်မတီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲကျင်းပ
Nov 06,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့မ အားကစားကော်မတီကကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ စကုမြို့မအားကစားကော်မတီ ဥက္ကဋ္ဌဖလား (မိုးရာသီ) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က စကုမြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့ မြို့လုံးကျွတ် စုပေါင်းဘုံကထိန် လှည့်လည်
Nov 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ (၇၄)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းဘုံကထိန် လှည့်လည်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက လွိုင်လင်မြို့ သာသနာ့ဗိမာန်စုရပ်မှ မြို့တွင်းသို့ လှည့်လည်ပူဇော်ခံကြသည်။
စစ်ကိုင်းမြို့နယ်အတွင်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
Nov 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာ ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့တွင် (၈၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ်မဟာစုပေါင်းဘုံကထိန်လှူဒါန်းပွဲကျင်းပ
Nov 06,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် (၈၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ် မဟာစုပေါင်း ဘုံကထိန်လှူဒါန်းပွဲကို ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က ရွှေတောင်ဦးမြတ်စွာဘုရား၌ ကျင်းပခဲ့သည်။