အခြေခံပညာဦးစီးဌာန စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်းဆင်းပွဲ မုံရွာမြို့၌ပြုလုပ်

မုံရွာ နိုဝင်ဘာ ၆

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီက အထက(၂)မုံရွာတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်းတွင် တက်ရောက်လာကြသူများက ဘဏ္ဍာရေးရာလုပ်ငန်းများ(ငွေလုံး)၊ ဘဏ္ဍာရေးရာလုပ်ငန်းများ (သာမန်)၊ ကျောင်းထောက်ပံ့ကြေးဆိုင်ရာလုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်း/ ဘကကျောင်းများဆိုင်ရာလုပ်ငန်းများ၊ အခြေခံပညာဖွဲ့စည်းပုံစနစ်တတ်မြောက်မှုဆိုင်ရာ လုပ်ငန်းများ၊ တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်း ဝန်ထမ်းရေးဆိုင်ရာလုပ်ငန်းများ၊ စီမံရေးရာလုပ်ငန်းများ၊ အခြေခံပညာကျောင်းရှိ အဖွဲ့အစည်းများဆောင်ရွက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိလည်းကောင်း (၅)ရက်ကြာ သင်တန်းနည်းပြဆရာများနှင့် ဒုတိယမြို့နယ်ပညာရေးမှူး(၂)ဦး၊ လက်ထောက်မြို့နယ်ပညာရေးမှူး(၂)ဦး၊ အထက်တန်းကျောင်းအုပ်(၁၅)ဦး၊ အလယ်တန်းကျောင်းအုပ်(၁၆)ဦး၊ မူလတန်းကျောင်းအုပ်(၆၀)ဦး၊ စုစုပေါင်း(၉၅)ဦးတို့က အပြန်ပြန်အလှန်လှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)