သတင်းများ

တောင်ကုတ်မြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲနှင့် တောင်သူအသိပညာပေးကျင်းပ
Nov 06,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီမိုးစပါးတစ်ဧက အထွက်နှုန်းတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိရေး မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်းနှင့် တောင်သူများသို့ အထွက်နှုန်းအသိပညာပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကင်းတောင်စံပြကျေးရွာရှိ တောင်သူဦးငမဲပါ (၂၂)ဦး၏ ကွင်းအမှတ်-၅၉ (ဃ)မိုးစပါးစံပြကွက် ၌ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသော ပြည်နယ် လက်‌ရွေးစင်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်
Nov 06,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၌ စတင်ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသော အောင်ပွဲရ ကချင်ပြည်နယ် လက်ရွေးစင် ဘောလုံးအသင်းအား ပြည်နယ်အစိုးရအဖွဲ့မှ ယမန်နေ့ ညနေ ၅ နာရီတွင် မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
(၂၀၂၂)ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 06,2022
နှစ်စဉ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် ဘုံကထိန်ပွဲတော်ကို ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒွါဒသမ အကြိမ်မြောက်အဖြစ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကယားပြည်နယ်(၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ
Nov 06,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကယားပြည်နယ်(၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Nov 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်း ဆောင်ရည်မြင့်မားရေးအတွက် ဖြူးမြို့နယ်ပညာရေးမှူးရုံးမှ ဦးဆောင်၍ အခြေခံပညာ ထက်/လယ်/မူအဆင့် ကျောင်းအုပ်ကြီးများအား အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့်(ဆင့်ပွား) သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စတင်ကာ အထက(၁)ရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု
Nov 06,2022
ရခိုင်ပြည်နယ်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
Nov 06,2022
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ မိသားစုများ၊ တပ်ရင်း / တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင်မိသားစုများ၊ အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၏ ၂၀၂၂ ခုနှစ်၊ စုပေါင်းမဟာဘုံကန်ထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
လဲချားတွင် (Grade -5) အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်းဖွင့်လှစ်
Nov 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (Grade-5) အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းကို ယမန်နေ့နံနက် ၈ နာရီ အချိန်က (အ ထ-က) လဲချား အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။