သတင်းများ

မြိတ်ခရိုင်အတွင်းရှိ နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင်(၄)အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်း စတင်ဆောင်ရွက်
Apr 18,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင်(၄)အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်းကို ဧပြီလ(၁၈)ရက်မှစတင်ကာ မြိတ်ခရိုင်အတွင်း မြို့နယ်များရှိ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များအား eID စနစ်ဖြင့် နေရာ(၃)နေရာတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့ ဇဝနာရာမစာသင်ကျောင်းတိုက်၌ မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Apr 18,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့ ပေါင်းတည်မြို့နယ်အချုပ်ထောင်မှ အကျဉ်းသား ၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေး
Apr 18,2022
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူသားအချင်းချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်
ရွာငံမြို့နယ်တွင်အသက် ၁၅ နှစ်မှ ၁၈ အထိ ရှင်သာမဏေများနှင့် သီလရှင်ဆရာလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Apr 18,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး စာသင်တိုက်များရှိ စာဝါလိုက် အသက် ၁၅ နှစ်မှ၁၈ နှစ်အထိ ရှင်သာမဏေများနှင့် သီလရှင်ဆရာ‌ ‌‌လေးများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးထိုးနှံ‌ပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းမှစ၍ စာသင် တိုက် အသီးသီးများ၌ ထိုးနှံပေးခဲ့သည်။                                   
မေတ္တာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဂီတာတီး သင်တန်းဖွင့်လှစ်
Apr 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆိတ်ကူးအသင်းတော်မှ လူငယ်များနှင့် ပူးပေါင်းပြီး ယနေ့နံနက် (၉) နာရီခွဲအချိန်က ဂီတာတီးသင်တန်းကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
မိုင်းတုံမြို့နယ်တွင် အသက်(၈၀)နှစ်အထက် အဘိုးအဘွားများအား မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ
Apr 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်အထက် အဘိုးအဘွားများအား မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီက မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 18,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ် မိခင်ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက်အကူပြု အသင်းနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၂၂) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 18,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် နည်းပြ မွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၂၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။