သတင်းများ

ကော့ကရိတ်မြို့၌ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်များ အသိပညာ၊ ဉာဏ်ပညာ တိုးပွားစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Apr 19,2022
နွေရာသီကျောင်းပိတ်ရက်အတွင်း ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် အသိပညာ၊ ဉာဏ်ပညာ တိုးပွားလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေး ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Apr 19,2022
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီမှ စ၍ မြို့နယ် မိခင်ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုအထောက် အကူပြု အသင်းနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသူများအား ရပ်ကွက်များအတွင်း ကွင်းဆင်း ထိုးနှံပေး
Apr 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးစုရပ်နေရာများသို့ ကာကွယ်ဆေးလာရောက်မထိုးနှံနိုင်သည့် မြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်များအတွင်း နယ်လှည့်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ
ကရသူရိမြို့၊ ဟန်ကပြုကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Apr 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအုပ်စု၊ ဟန်ကပြု ကျေးရွာစာသင်ကျောင်း၌ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲ-ကမ်းနီ-ရွှေဂွန်းလမ်း ကတ္ထရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Apr 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လှိုင်းဘွဲ-ကမ်းနီ-ရွှေဂွန်းလမ်း အပိုင်းအား ၂၀၂၁-၂၀၂၂ ခုနှစ်၊ မီနီဘတ်ဂျက်၌ ကရင်ပြည်နယ်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် စုစုပေါင်းလမ်းအရှည် (၂) မိုင်၊ (၆) ဖာလုံရှိသည့် လမ်းအပိုင်းအား ယခင်ကတ္တရာလမ်း (၁၂) အကျယ်မှ (၁၈) ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရသည်။
တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ သောက်သုံးရေလိုအပ်နေသည့် တောရွာသို့ရေဂါလံ ၁၆၀၀ လှူဒါန်း
Apr 19,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦး မြို့နယ် တောင်ဇင်းတိုက်နယ်ရှိ တောရွာသို့ ယနေ့ နံနက် ၁၁နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရှေးဦးသူနာပြုစုနည်း သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား
Apr 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် နွေရာသီကျောင်းပိတ်ရက် အတွင်း ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သရက်ချောင်း မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှေးဦးသူနာပြုစုနည်းသင်တန်း (၂)ရက်မြောက်နေ့ ကို ယနေ့နံနက် ၈ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Apr 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကာလပွင့်လင်းရာသီ ရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။