ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်
Apr 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် ပြည်သူများအား သတ်မှတ်စုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရ သည်။