မိုင်းဖြတ်မြို့နယ်၌ (၃၁)ကြိမ်​မောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပ​ဒေသာပင်များ စီတန်းလှည့်လည်

မိုင်းဖြတ် နိုဝင်ဘာ ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  (၃၁)ကြိမ်​မြောက် မြို့နယ်လုံး ဆိုင်ရာ စု​ပေါင်းမဟာဘုံကထိန်  ပ​ဒေသာပင်များ စီတန်းလှည့်လည်ခြင်းကို  ယမန့်နေ့ မွန်းလွဲ ၂နာရီက ပြည်​ထောင်စုလမ်းမကြီးတစ်​လျှောက်​ ​မော်​တော်ယာဉ်များဖြင့် စီတန်းလှည့်လည်ခဲ့​ကြောင်း သိရသည်။

ထို့သို့ ပ​ဒေသာပင်များ စီတန်းလှည့်လည်ရာတွင်ဌာနဆိုင်ရာများ၊မြို့သူမြို့သားများ၊ စာသင်​ကျောင်းများ၊ ရပ်ကွက်နှင့်​ကျေးရွာများ၊ အလှူရှင်များက  ပါဝင်လှူဒါန်းထားသည့် ပ​ဒေသာပင် (၂၇)ပင်ကို  ​မော်​တော်ယာဥ်များဖြင့်သယ်​ဆောင်ပြီး  မြန်မာသံစဉ်သီချင်းများတီးခတ်၍ ဦးရွှေရိုးအကအဖွဲ့နှင့် တေးသီးချင်းများဖွင့်လှစ်၍ ​ပျော်ရွှင်စွာဖြင့် အထက(မိုင်းဖြတ်)​ကျောင်း​ရှေ့မှ စတင်ပြီး ပြည်​ထောင်စုလမ်းမကြီးတစ်​လျှောက် တာချီလိတ်-မိုင်းဖြတ်-မိုင်း​ယောင်းသွား လမ်းဆုံထိ လည်း​ကောင်း ထိုမှတစ်ဆင့် ဟိုနား​​ကျေးရွာ မိုင်းဖြတ်မြို့အထွက်ထိလည်း​ကောင်း၊ ထိုမှတစ်ဆင့် ဝမ်​နောင်ဘုန်း​တော်ကြီး​ကျောင်းသို့လည်း​ကောင်း ပို့ဆောင်ခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါ အလှူရှင်များက ပါဝင်လှူဒါန်းထားသည့် ပ​ဒေသာပင်များကို ယနေ့ တန်​ဆောင်တိုင် လပြည့်​နေ့ နံနက်ပိုင်းတွင် ဝမ်​နောင်ဘုန်း​တော်ကြီး​ကျောင်း၌ သံဃာ​တော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်​ကြောင်း သိရသည်။

သန်းထွန်း​အေး