ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်များ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာလှည့်လည်

ဘူးသီးတောင် နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပခဲ့သည်။

အဆိုပါစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို မြို့တွင်းသို့စီတန်းလှည့်လည်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင်(၂၅)ပင်နှင့် လှူဖွယ်ဝတ္တုများ၊ သင်္ကန်းများဖြင့် မြို့ပေါ်ရပ်ကွက်အတွင်းသို့ စည်ကားသိုက်မြိုက်စွာလှည့် လည်ခဲ့ကြသည်။

(၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် အမှတ် (၄) ရပ်ကွက်ဓမ္မာရုံ၌ ဘုန်းတော်ကြီးကျောင်း (၃၈) ကျောင်းမှ သံဃာတော်များအား ပင့်ဖိတ်၍ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)