သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ဓမ္မစရိယ နိကာယကျောင်းတိုက် ပရိဝုဏ်အတွင်း ဓမ္မဗိမာန်တော် ပန္နက်တော်တင်၊ အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားတက်ရောက်
Nov 07,2022
သာမညဖလ အခါတော်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) တွင် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဓမ္မစရိယ နိကာယကျောင်းတိုက် ပရိဝုဏ်အတွင်း ဓမ္မဗိမာန်တော် ပန္နက်တော်တင်၊ အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဒုံဝန်းကျေးရွာ၌ တိပိဋသန္တာဝါသဉာဏ်ဝေယံကျောင်းဆောင် ကျောင်းလွှတ်ပူဇော်ပွဲပြုလုပ်
Nov 07,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ ရတနာဇေယျုံကျောင်းတိုက်အတွင်း ရပ်နီးရပ်ဝေးအလှူရှင်များစုပေါင်း၍ သံဃိကအဖြစ် ရည်စူးလှူဒါန်းသည့် တိပိဋသန္တာဝါသ “ဉာဏ်ဝေယံ” ကျောင်းဆောင်ကျောင်းလွတ်ပူဇော်ပွဲကို ယနေ့ (တန်ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကား
Nov 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ယနေ့တန်ဆောင်မုန်းလ ပြည့်နေ့တွင် နံနက်ပိုင်းမှစတင်၍ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ရွှေကျင်မြို့နယ် အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးသူများဖြင့်စည်ကား
Nov 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်အတွင်းရှိ သမိုင်းဝင်အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိသည်။
ပြင်ဦးလွင်မြို့တွင် (၂၂)ကြိမ်မြောက် မသိုးသင်္ကန်းရက်ကန်းခတ်ပူဇော်
Nov 07,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ - ဆုတောင်းပြည့်ဘုရားကြီးအား( ၁၃၈၄ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်နေ့) ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်အချိန်၌ မသိုးသင်္ကန်းရက်ကန်းခတ်ကပ်လှူပူဇော်ခြင်း၊ နံနက် ၅  နာရီတွင် သံဃာတော်အရှင်သူမြတ်တို့မှ ဘုရားကြီးအား အနေကဇာတင်ခြင်း ၊ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုများကပ်လှူပူဇော်ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့အား ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ရွေသင်္ကန်းအနားကွပ်တော် ရတနာမြတ်ကပ်လှူပူဇော်
Nov 07,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ရွှေသင်္ကန်းကွပ်တော်ရတနာမြတ် ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက် နာရီအချိန်က မြတ်ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော် ခန်းမဆောင်ကြီး၌ ဆင်ယင်ကျင်းပ ပြုလုပ်ရာ ကျိုက္ခမီမြို့ သြဝါဒစရိယ ဆရာတော်ကြီးများ၊ အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြတ်ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ
Nov 07,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သမိုင်းဝင် မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်းမုန်းလဆန်း (၁၄) ရက် မှစ၍ မြို့မပရိယတ္တိစာသင်တိုက်၊ လောကမာရဇိန် သိမ်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။  
မြစ်ကြီးနားမြို့ရှိဘုရား၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကောင်းမှုကုသိုလ်ပြုဘုရားဖူးသူများနှင့် လာရောက်လည်ပတ်ကြသူများဖြင့်စည်ကား
Nov 07,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဘုရားကျောင်းကန်၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ကောင်းမှုကုသိုလ်ပြုသူများနှင့် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။