သတင်းများ

ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်း ဆွေးနွေးပွဲ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ
Nov 07,2022
ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်း ဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ MSME Agency မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။
နမ့်စန်တွင် (၆၀) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၀) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်လှည့်လည်အပူဇော်ခံပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ (၃၂)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 07,2022
ရှမ်ပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ (၃၂)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲအား ယမန်နေ့နံနက် (၈) နာရီ အချိန်ခန့်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ (၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Nov 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး ကြီးကြပ်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ရောက်ရှိမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်းအတွင်းကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း(၄)သင်းပါဝင်၍ ကွင်းအဖွင့်တွင် Aအသင်းနှင့်Dအသင်း ယှဉ်ပြိုင်ကစားခဲ့ရာ A အသင်းက D အသင်းကို ၂၁ မှတ်၊ ၁၇ မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ကျန်အသင်းများ ယှဉ်ပြိုင်ကစားခဲ့သည်။
မိုင်းခတ်မြို့၌ စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲကျင်းပ
Nov 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ (၃၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယနေ့မွန်းလွှဲ(၂)နာရီအချိန်က စုရပ်ဖြစ်သောမြို့ လယ်ပန်းခြံရှိလွတ်လပ်ရေးကျောက်တိုင်ကွင်းမှ တစ်ဆင့်ကျော်စိုးမိုးလမ်း၊ မင်းရန်အောင်လမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။
ပန်းတနော်မြို့နယ်တွင် ထယ်ရေးမလိုသောမျိုးစေ့ချကရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြ
Nov 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ထယ်ရေးမလိုသော မျိုးစေ့ချကရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲကို စက်မှုလယ်ယာဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ဆုတောင်းပြည့်ကျေးရွာအုပ်စု တောကြီးကျေးရွာ တောင်သူဦးကျော်အေးငြိမ်း၏ ကွင်းအမှတ် ၅၈၃၊ ဦးပိုင်အမှတ် ၃၄/ ၁ ရှိ လယ်ယာမြေ (၃) ဧကတွင် ပြုလုပ်ခဲ့သည်။
(၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကျင်းပ
Nov 06,2022
နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တောင်ကြီးမြို့ ပြည်နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ(၆)ရက် နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။
(၁၆) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် တတိယနေ့ နေ့အရုပ်လှမီးပုံးပျံပြိုင်ပွဲတွင် မီးပုံပျံ ၁၁ လုံး ဝင်ရောက် ယှဉ်ပြိုင်
Nov 06,2022
၂၀၂၂ ခုနှစ်၊ (၁၆) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့တွင် ပွဲကျင်းပရာ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား) အနီးအရှိ မီးပုံးပျံကွင်းအတွင်း၌ နေ့အရုပ်လှ မီးပုံးပျံ ၁၁ လုံး ဝင်ရောက်ယှဉ်ပြိုင် လွှတ်တင်ခဲ့ကြောင်း သိရသည်။