သတင်းများ

မတ္တရာမြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်
Apr 20,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော် များရွတ်ဖတ်ပူဇော်ခြင်းကို ယမန် နေ့ညနေ၆နာရီအချိန်မှ စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်း ကျေးရွာအုပ်စုများတွင် နွေစပါးများ (၃၉၃၂၇) ဧကလျာထားခဲ့ရာ (၄၂၉၀၈) ဧက တိုးချဲ့စိုက်ပျိုး
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် နွေစပါးများ စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေအတွက် ဆည်ရေသောက်စနစ်ဖြင့် အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ချွေတာရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Apr 20,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်း၍ လျှပ်စစ်ဓာတ်အားချွေတာရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ဧပြီလ (၁၉)ရက်၊ မွန်းလွဲ (၃)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ငါန်းဇွန်မြို့၌ အခြေခံသိုင်းပညာနှင့် အေရိုးဗစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 20,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ ညနေ ၄နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံသိုင်းပညာနှင့် အေရိုးဗစ်သင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် သထုံမြို့မဈေး ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်း၊ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းဆောင်ရွက်မှုနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ကြည့်ရှုအားပေး
Apr 20,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သထုံမြို့မဈေး ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းဆောင်ရွက်မှုနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်တွင် နှစ်သစ်ဦးဆွမ်းကပ်လှူဒါန်းပွဲနှင့် ဩဝါဒခံယူပွဲ အခမ်းအနားကျင်းပ
Apr 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် သမိုင်းဝင်ဆုတောင်းပြည့် မယ်လမုစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒစရိယဆရာတော် ကြီးများ၊
တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး
Apr 20,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တကြိမ်မှ မထိုးနှံရသေးသည့် အသက် (၁၈)နှစ်နှင့်အထက်နှင့် နှစ်ကြိမ်ထိုးနှံပြီးသူများအား ယမန်နေ့နံနက် (၉) နာရီ အချိန်ကစတင်ပြီး တပ်တောင်မြို့အမှတ် (၃) ရပ်ကွက် ကျေးလက် ကျန်းမာရေး ဌာန၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်းခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲ တက်ရောက်ကြည့်ရှု
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်၌ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကွင်းယားတံခွန်တိုင်ကျေးရွာအုပ်စုတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ခင်းရိတ်သိမ်းခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။