သတင်းများ

သီပေါမြို့နယ်တွင် ပြည်သူ(၉၅၀၄၆)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Apr 20,2022
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ ပြည်သူ(၉၉၀၄၆)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ယနေ့နံနက် ၉ နာရီခွဲက  မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဆေးထိုးစုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Apr 20,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာ ပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းသို့ ခရီးသွားဆင်ချစ်သူလာရောက်လည်ပတ် မှုများပြား
Apr 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊အ‌ နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်းသို့   ခရီးသွားဆင်ချစ်သူများဝင်ရောက်လည် ပတ်မှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံမှသိရသည်။
ထန်းတောင်သူများ ထန်းမရာသီစတင်ချိန် ထန်းဖိုထန်းလျှက် ဈေးကောင်းနေ
Apr 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်း တက်လုပ်ငန်းပြီးဆုံးကာနီးချိန် ထန်းမထန်းတက် လုပ်ငန်းစတင်ချိန် ထန်းလျှက်တစ်ပိသာ ၂၅၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများထံက သိရသည်။
ကျိုင်းတောင်းမြို့တွင် Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်း ဖွင့်လှစ်
Apr 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာ ပြုစုနည်းသင်တန်းအား ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြောင်းဖူးတစ်နှစ်ပတ်လုံးစိုက်ပျိုးခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်နေသော လက်ပံခြေပေါ်ကျေးရွာများ ပြောင်းဖူးသာ စိုက်ပျိုးမှုများလာ
Apr 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်ကျေးရွာများသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးတွင် တည်ရှိကာ လယ်ယာ၊ကိုင်း၊ကျွန်း၊ ဥယျာဉ်ခြံမြေ လုပ်ငန်းဖြင့် စီးပွားရေးလုပ်ကိုင်စားသောက်နေသော ကျေးရွာတစ်ရွာဖြစ်ကာ တောင်သူအများ စုသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့်စီးပွားရေး တွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံကသိရသည်။
မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်
Apr 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်ပေး
Apr 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့်    အသိပညာပေးအစီအစဉ်များကို  ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက  ဇာတ်ညွှန်းဒီဇင်ဘာမွန်း၏ ကလေးတို့အတွက်မြန်မာစကားပုံများ စာအုပ်ဖြင့်ရုပ်ပြပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။