သတင်းများ

သာစည်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃ လုံး အမိုးလန်ပျက်စီး
Apr 20,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ယမန်နေ့ည ၇ နာရီခွဲခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြင်းခြံကျေးရွာ၌ လူနေအိမ် ၃ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်  အိုမတွေ့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Apr 20,2022
မိတ္ထီလာမြို့နယ် မွေကျေးရွာအုပ်စု  အိုမတွေ့ကျေးရွာတွင်    မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရ ငွေဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်ကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လေးမျက်နှာမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည့် ရှေ့ပြေးလုပ်ငန်းစီမံချက် အောင်မြင်စွာပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) အောင်မြင်စွာပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဦးတည်အုပ်စုများမှ ပြည်သူ ၄၆၃၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Apr 20,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ မုံရွာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား အခြေချထိုးနှံခြင်း၊ ရွှေ့လျားထိုးနှံခြင်းနှင့် ကျေးရွာများအထိပါ ကွင်းဆင်းထိုးနှံခြင်းများကို အရှိန်မြှင့်၍ သက်မှတ်ကာလတွင်အချိန်မီ ရာနှုန်းပြည့် ပြီးစီး အောင်မြင်အောင် အားလုံးကြိုးပမ်းဆောင်ရွက်ကြစေရေး လမ်းညွှန်ချက်အရ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇော်တင်မိုး အနီးကပ်ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှစတင်၍ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ သတ်မှတ်ထားသည့်နေရာ(၁၃)ခုတွင် ဦးတည်အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
ဝါးခယ်မမြို့နယ် မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် (၉:၃၀)နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပြည်ပပို့ကုန်လုပ်ငန်းများ ဆောင်ရွက်
Apr 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း မြို့နယ်သမဝါယမ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်လုပ်ငန်းများအဖြစ် ဆောင် ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရသည်။
ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အေရိုးဗစ်သင်တန်းနှင့် မြန်မာ့သိုင်း သင်တန်းဖွင့်လှစ်
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community Centre)ခန်းမတွင် ယနေ့နံနက် ၈ နာရီ အချိန်က အေရိုးဗစ်သင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့်‌ အများပြည်သူ များ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး
Apr 20,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မကွေးတိုင်းဒေသကြီး စားသုံးဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊‌ တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာတို့၏ စီစဉ်မှုဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (၈)နာရီမှစတင်၍ ချောင်းနက်ဈေး၊ တောင်တွင်းကြီးမြို့မဈေးတို့၌၊ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ဆီ(၁)ပိသာလျှင် ၅၉၀၀ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။