သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ် သင်ကြား
Apr 20,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယနေ့ နံနက် ၉ နာရီခွဲက အခြေခံပန်းချီရေးဆွဲနည်း သင်တန်း တတိယနေ့ ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Apr 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ချစ်ဦးညိုရေးသားသည့် “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်အား  စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေး
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Women Club၊ Book Club အဖွဲ့များပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာချစ်ဦးညိုရေးသားသည့်  “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်အား  စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်အားကစားပြိုင်ပွဲများကို တောင်တွင်းကြီးမြို့နယ် ပြန်/ဆက် ကလေး အားကစားကွင်း၌ ကျင်းပ
Apr 20,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ အားကစား ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ကလေး အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် တူညီဝတ်စုံနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Apr 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အထွေထွေ အုပ်ချုပ်ရေးဦးဌာန ဝန်ထမ်းများအတွက် တူညီရုံးဝတ်စုံနှင့် အ‌ခြေခံစားသောက်ကုန် ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပေးအပ်သည်။
မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကျင်းပ
Apr 20,2022
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ် (Community Centre)ခန်းမ၌ အေရိုးဗစ်သင်တန်း(အခမဲ့)ဖွင့်လှစ်
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး အေရိုးဗစ်သင်တန်းဖွင့်လှစ်ခဲ့သည်။
လွိုင်လင်၌ နွေရာသီ ပန်းချီသင်တန်းဖွင့်
Apr 20,2022
နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ စိတ်ပျော်ရွင်စွာနှင့် အခြေခံပညာရပ်တစ်ခု တတ်မြောက်စေရန် ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ Youth Club နှင့် ပူးပေါင်း၍ အခြေခံပန်းချီသင်တန်းကို ယနေ့နံနက် ၁၀ နာရီက လွိုင်လင်ခရိုင်ရုံး Community Centre  ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးသည်။